၁၉ ဩဂုတ်
တနင်္လာနေ့မှ စတင်ပြီး အပူရှပ်သည့် ဒဏ်ဖြင့် လေးရက်အတွင်း တိုကျိုမြို့တော် ဧရိယာအတွင်း နေထိုင်သူ ၂၄ ဉီး သေဆုံးခဲ့ပြီး ယခုလအတွင်း အပူဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၀၃ ဉီးအထိ ရှိလာပြီဖြစ်သည်။
သေဆုံးသူ အများစုမှာ အသက် ၅၀ မှ ၉၀ အရွယ်ကြားရှိ သက်ကြီးရွယ်အိုများဖြစ်ပြီး သက်ကြီးရွယ်အိုများမှာ သေဆုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးရုံးက ပြောကြားခဲ့သည်။
သေဆုံးသူ ခုနှစ်ဉီးသည် ညပိုင်းက သေဆုံးခဲ့ပြီး နှစ်ဆယ့်နှစ်ဉီးသည် အိမ်တွင်း၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့ ၁၉ ဉီးမှာ လေအေးပေးစက် အသုံးမပြုခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူများအား တစ်ညလုံး လေအေးပေးစက်ကို အသုံးပြုရန်နှင့် အပူကြောင့် လေဖြတ်ခြင်းမှ ကာကွယ်ရန်အတွက် လေးအေးပေးစက် အသုံးပြုရန် လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေး အာဏာပိုင်များ အကြံပြုထားလျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်