ကြို့ပင်ကောက် ၂၈ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ တိုက်ကျောင်း ပါဠိတက္ကသိုလ်ကြီးအား မြန်မာ သက္ကရာဇ် ၁၃၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီဖြစ်၍ တိုက်ကျောင်းပါဠိ တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် သမိုင်းပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။

ပြခန်းအတွင်း တိုက်ကျောင်းဘုန်းတော်ကြီးကျောင်းမှတစ်ဆင့် ပါဠိတက္ကသိုလ်ကြီးအဖြစ်သို့ တည်ထောင် အုပ်ချုပ်ခဲ့သော ဦးစီးပဓာနနာယကဆရာတော်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ထေရုပ္ပတ္တိအကျဉ်းချုပ်မှတ်တမ်းများ၊ ရရှိခဲ့ကြသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်များ၊ ဆရာတော်ကြီးများပြုစုရေးသားခဲ့သော ကျမ်းစာအုပ်များ၊ သာသနာရေးဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရာ ဆရာတော်သံဃာတော်များ၊ ရာပြည့်ပွဲတော်သို့ လာရောက်သူ ပြည်သူများက စိတ်ဝင်တစားလေ့လာကြည့်ရှု့ကြသည်။
“တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းကို မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်တွင် ဘဒ္ဒန္တ စန္ဒ မဟာထေရ်က စတင်တည်ထောင်ခဲ့တယ် ပရိယတ္တိစာသင်တိုက်အဖြစ် ၁၂၈၀ ခုနှစ်တွင်စတင်တည်ထောင်ပြီး ပါဠိတက္ကသိုလ် အဖြစ် ကို ၁၃၁၈ ခုနှစ်တွင်တည်ထောင်ခဲ့တယ် ဒါကြောင့်ပါဠိတက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပွဲကိုဂုဏ်ပြုကျင်းပ ရတာပါ နှစ်စဉ်စာသင်သားသံဃာ ပျမ်းမျှအပါးတစ်ရာလောက်ကို စာချဆရာတော် ၈ ပါးကနေစာဝါများပို့ချ ပေးနေပါ တယ်” ဟုစာချနာယကဆရာတော် ဦးသာသနဓဇမှ မိန့်ကြားသည်။

အဆိုပါတိုက်ကျောင်းပါဠိတက္ကသိုလ်နှစ်တစ်ပြည့်သမိုင်းပြခန်းကို ရာပြည့်ပွဲတော်ဖွင့်ပွဲအခမ်း အနားကျင်းပ သော ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၆ ရက်နေ့အထိဖွင့်လှစ်ပြသပေးလျက်ရှိကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)