ရန်ကုန်    ၂၅   စက်တင်ဘာ    


    
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဉက္ကံမြို့ ကျွဲဘုတ်ကျေးရွာအုပ်စု၊ မီးလောင်ကုန်း ကျေးရွာ၌ ယမန်နေ့ ၄ နာရီ ၁၅ မိနစ်ခန့်က ကျွဲဘုတ်ကျေးရွာအုပ်စု၊မီးလောင် ကုန်းကျွေးရွာ၊ ဦးတင်ထွန်း နေအိမ်သို့ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းတစ်ကောင်ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ဆန်(၂)အိတ်အား စားသောက်ခဲ့ကြောင်းနှင့် ၎င်းတောဆင်ရိုင်းသည် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

 

၇

 

တောဆင်ရိုင်းဝင်ရောက် ဖျက်စီးမှုကြောင့် (၃)ပင်ပတ်လည် နေအိမ်(၁)လုံးအား ဖျက်ဆီးခံရ ပြီး လူနှင့်တိရိစ္ဆာန်များအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)