တိုက်ကြီး   ၂၀   မေ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ လတ်တလောဖြစ်ပွားနေသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက  အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်ကြီး ၇ ရပ်တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များသည် လူအချင်းချင်းလေ့ကျင့်ခြင်း၊ ပစ္စည်းချင်းလေ့ကျင့်ခြင်း၊ လူနှင့်ပစ္စည်း လေ့ကျင့်ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လေ့ကျင့်ပြင်ဆင် ဆောင်ရွက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးနိုင်ဦး ၏ ပြောပြချက်အရ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)