တိုက်ကြီး  ၂၅  မေ       

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် လမ်း အိုးတန်း ရပ်ကွက် မြို့နယ်သာသနာ့ဗိမာန်တော်တွင် ယနေ့ နံနက် ၈ နာရီအချိန်က လတ်တလော ဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖျားနာလူနာများ (အခမဲ့) ကုသမှု ဆေးခန်း Fever Clinic ကို စတင်ဖွင့်လှစ်ခဲ့သည်။

 

5

 

အဆိုပါ အခမဲ့ကုသမှုဆေးခန်း Fever Clinic တွင် ကိုယ်အပူချိန်တက်သည့် လူနာများ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေး လူနာများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာခံစားနေရသည့် လူနာများ၊ အနံ့ အရသာ ရုတ်တရက် ပျောက်ဆုံးသော လူနာများ အခမဲ့ လာရောက် ပြသနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဗဟူး နေ့ နံနက် ၈ နာရီ မှ ၁၀ နာရီ အထိ အခမဲ့ လာရောက်ပြသနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)