တိုက်ကြီး ၂၁ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများအား ပါးစပ်/နှာခေါင်းစည်း(Mask)များကို ယမန်နေ့ နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပါးစပ်/နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အတွင်းရှိ မိုးစေတနာ လူမှုကူညီရေးအသင်း၊ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ ဥူးမာဃလူမှုကူညီရေးအသင်းနှင့် ပညာရေးညီအစ်ကိုမောင်နှမများက အတူပူးပေါင်း၍ တိုက်ကြီးမြို့မဈေး အတွင်း၊ အပြင်၊ ပတ်ဝန်းကျင်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်မှ အပြင်သို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)များကို မမေ့မလျော့တပ်ဆင်ကြရန်၊ တပ်ဆင်ရာတွင်လည်း နည်းစနစ်တကျ တပ်ဆင်အသုံးပြုတတ်စေရန်နှင့် တပ်ဆင်အသုံးပြုပြီးသား ပါးစပ်/နှာခေါင်းစည်း(Mask) စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးနှိုးဆော်ကာ ပါးစပ်/နှာခေါင်းစည်း(Mask) (၃၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)

 

mdn