တိုက်ကြီး မေ ၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုး က အမှာစကားပြောကြားရာတွင် တိုက်ကြီးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်ကြီး(၁၄)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးမှာကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်ဝင်းဝင်းမော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စီမံကိန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥက္ကံမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)