တိုက်ကြီး ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့၌ မြို့နယ်အတွင်းရှိ ဗဟိုမဏ္ဍပ်နှင့် အများပြည်သူရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် ရန်ကုန် - ပြည်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များက သင်္ကြန် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များကလည်း တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်းသဖြင့် လာရောက်ကြည့်ရှုသူ ပြည်သူများ အထူးစည်ကားလျက်ရှိသည်။
အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် / ကျေးရွာများ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းစသည့် ရိုးရာအစားအစာများကိုအစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်းဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့အား ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)a