တိုက်ကြီးမြို့နယ်၌ တရားမဝင်ကျွန်းသစ်ခွဲသား၊ တံခါးရွက်များ ဖမ်းဆီးရမိ

နေပြည်တော် ၃၁ ဇန်နဝါရီ

တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများသည် ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် မြောက်လှိုင်ရိုးမကြိုးဝိုင်းအတွင်းမှ သဲဝါကွင်းနှင့် ပျဉ်းမအိုင်ကွင်း နေရာများတွင် တရားမဝင်သစ်ဖမ်းဆီးရေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်အတွင်းမှ ကျွန်းသစ်ခွဲသား၊ တံခါးရွက် ၆ တန်ခန့်တို့ကို FUSO ခေါင်းစိမ်း(၆)ဘီးကားဖြင့် သိုဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိသည်။ အဆိုပါ ကျွန်းသစ်များကို ဦးစီးအရာရှိရုံး၌ သယ်ဆောင်သိမ်းဆည်းထားကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

မောင်လူမော်