တိုက်ကြီး ၁၀ ဇွန်

 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Novo Nordisk ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သော မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါစောင့်ရှောက်ကုသမှု အစီအစဉ်အရ ဆီးချိုရောဂါ ရှာဖွေကုသပေးခြင်းနှင့် ပညာပေးဟောပြော ကွင်းဆင်းဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းမြင့်က ဆီးချို၊ သွေးချိူရောဂါနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ါ၅အ

 

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုနှင့်ဟော်မုန်း  ရောဂါအထူးကုဌာနမှ ပါမောက္ခ ခင်စန္ဒာက ဆီးချိုဝေဒနာရှင်များအား နေထိုင်စားသောက်ပုံနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ပါမောက္ခ ခင်စောသန်းက ဆီးချိုနှီးနွှယ်ခြေထောက်အနာများအကြောင်းကို ပရိုဂျက်တာ ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။

 


ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော ဆီးချို၊သွေးချိုဝေဒနာရှင်များနှင့် ဆီးချို၊သွေးချို သံသယရှိသူများက သိလိုသည်များကို မေးမြန်းရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဌာနမှ ပါမောက္ခ ခင်စောသန်းက သိလို၍ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

 

္သစကန

 


အဆိုပါ ဆီးချိုရောဂါရှာဖွေကုသခြင်းနှင့် ပညာပေးဟောပြောခြင်း အခမ်းအနားတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဆီးချို၊သွေးချို ဝေဒနာရှင်များနှင့် ဆီးချို၊ သွေးချိုသံသယရှိသူ ပြည်သူများ စုစုပေါင်း ၃၀ဝ  ခန့် တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနား တက်ရောက်လာသူများအား ဆီးချို၊သွေးချိုရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ၊ နေ့စဉ် နေထိုင်စားသောက်မှုနှင့်ပတ်သက်၍ ပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ဆီးချို၊သွေးချိုရောဂါ ရှိ/မရှိကို ယနေ့နံနက် ၇ နာရီမှစတင်၍ အခမဲ့ စစ်ဆေးပေးခြင်း၊ အစာအာဟာရနှင့် လိုအပ်သော ဆေးဝါးများကို အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


စန်းကလျာခိုင်(ပြန်/ဆက်)