တိုက်ကြီး မေ ၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ ၃၀ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ က စင်ကာပူ-မြန်မာအသင်းမှ အိမ်ထောင်စု (၅၀၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပကြောင်း  သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လှူဒါန်းပွဲအခမ်းအနား ရည်ရွယ်ချက်ကို ပြောကြားပြီး စင်ကာပူ-မြန်မာအသင်းမှ တာဝန်ရှိသူများက အိမ်ထောင်စု (၅၀၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူးများ ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုနေ ပြည်သူများက လက်ခံရယူခဲ့သည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုနေ ပြည်သူ  (၈၀) တက်ရောက်ခဲ့သည်။

စန်းကလျာခိုင်(ပြန်/ဆက်)