ရန်ကုန်၊ မေ ၁၅
၂၀၂၂ - ခုနှစ်၊ မိုးရာသီအကြို ကျေးရွာသုံး ထင်းစိုက်ခင်း နှစ်ဧကကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဖလုံကျေးရွာအုပ်စု၊ ကရင်ချောင်း ကျေးရွာတွင် ဌာနဆိုင်ရာနှင့် ကျေးရွာနေပြည်သူတို့ စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျောင်ဝင်းမြင့်နှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ စုပေါင်း၍ အမြင့် နှစ်ပေနှင့်အထက် မန်ဂျန်ရှားပျိုးပင် ၂၄၂၀ ကို စိုက်ပျိုးသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လူထုထံသို့ဖြန့်ဝေမည့် ပျိုးပင်ပေါင်း (၄၅၀၀၀၀) ပင်ကို ၂၀၂၂ ခုနှစ် မိုးရာသီတွင် ဆက်လက် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်