ရန်ကုန် ၂၀ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ မြန်မာစုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာတွင် ယမန်နေ့ည(၇)နာရီအချိန်က တောဆင်ရိုင်းတစ်ကောင်ဝင်၍ လူနေ အိမ်(၄)လုံး ဝင်ရောက်ဖျက်ဆီးခံခဲ့ရကြောင်း လိမ္မော်ခြံကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါ တောဆင်ရိုင်းကြီးသည် ငါးအိမ်စုကျေးရွာဘက်မှ ကူးလာပြီး မြန်မာစုကျေးရွာ နေ အိမ်ထောင်စု (၄)စုအား ဝင်ရောက်ဖျက်ဆီးပြီး မတ် ၂၀ ရက်နေ့ နံနက်(၁)နာရီခွဲအချိန်ခန့်က မင်္ဂလာရပ်ကွက်၊ GE တပ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရပြီး လူများထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)


