မိုင်းဆတ်  ၁၈ ဇန်နဝါရီ  


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့သို့ ခေတ္တရောက်ရှိနေသော တိုက်ပွဲရှောင် နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ပအိုဝ်းလူမျိုး ၃၀၉ ဦးအား ဇန်နဝါရီ ၁၈ ရက်က နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ဇန်နဝါရီ ၁ ရက်က စစ်ဘေးရှောင် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၊ မိုက်ပုတ်ကျေးရွာနှင့် နောင်ချိုကျေးရွာမှ ပအိုဝ်းလူမျိုးအိမ်ထောင်စု (၈၂) စု၊ ကျား (၁၂၅) ဦး၊ မ (၁၇၇) ဦး၊ ကိုရင်(၇)ပါး စုစုပေါင်း လူဦးရေ ၃၀၉ ဦးအား မုံးထော်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်အောင်ရှိန်၊ မိုင်းတုံအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းတို့ ဦးဆောင်၍ တပ်မတော်မော်တော်ယာဉ် (၁၂) စီးဖြင့် ဇန်နဝါရီ ၁၇ ရက် ညနေ ၅ နာရီက သံလွင်မြစ်ကူးတံတား (တာဆန်း) အနီးရှိ မိုင်းပန်မြို့နယ်၊ နယ်မြေခံတပ်ရင်းသို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က လင်းခေးမြို့ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများနှင့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဇော်ဦးတို့ဦးဆောင်၍  နေရပ်သို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။

 

mdn

 

အဆိုပါ နေရပ်စွန့်ခွာလာသူများအား နားကောင်းမူးကျေးရွာရှိ နယ်မြေခံတပ်ရင်းမိသားစုများနှင့် ဖြူစင် မေတ္တာ ပရဟိတအသင်းမှ ရေ၊ မားမားခေါက်ဆွဲထုပ်နှင့် စားသောက်စရာများ လှူဒါန်းခြင်းနှင့် မိုင်းတုံမြို့၊ မြို့နယ်ဌာနဆိုင်ရာများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးပြီး ကျန်းမာရေးဌာနမှ ဒေါက်တာမျိုးမင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့သည်။

 

ာိည

 

ထို့နောက် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်တို့က ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သော ဆန် အိတ် ၃၀၊ ခရိုင်ထွေ/အုပ်မှဆန် ၁၀ အိတ်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ စုပေါင်းလှူဒါန်းသော အဝတ်အထည်များ၊ စာသောက်ကုန်ပစ္စည်းများနှင့် လူတစ်ဦးလျှင်ငွေကျပ်-၅၀ဝ၀ နှုန်းဖြင့် ငွေကျပ်-၁၅၄၅၀ဝ၀ ကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။    


သန်းဇော်(မိုင်းဆတ်)

mdn

 

mdn