ရန်ကုန်   ၉   ဇွန်       

 

တက္ကသိုလ်အသီးသီးမှ မြန်မာလူငယ်များအား  ဒစ်ဂျစ်တယ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချတတ်နိုင်စေရန် Our Campus Chapter Director’s Summit 2019 အခမဲ့သင်တန်းကို ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ Seedspace Yangon ရုံး၌ ဇွန် ၃ ရက် ညနေပိုင်းတွင်ကျင်းပရာ နိုင်ငံနှင့်တစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား လူငယ်ခေါင်းဆောင်များအားခေါ်ယူ၍ သင်တန်းပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

 

“ဒီနေ့လုပ်တဲ့ Summit ကတော့ Batch 5 ထိ လုပ်နိုင်ခဲ့တာပေါ့၊ အထူးသဖြင့်တန်ဖိုးရှိတဲ့ လူငယ်တွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဘာရှိမလဲဆိုတာ ရှာဖွေတာလည်းပါပါတယ်။ နယ်ပေါင်းစုံက လာတယ်ဆိုတော့ ကျွမ်းကျင်မှုတွေ လိုအပ်တာပေါ့နော်၊ အထူးသဖြင့်တော့ ဒစ်ဂျစ်တယ် Skill ပေါ့၊ နည်းပညာ မသုံးတတ်ဘူး၊ ဘာမှမသုံးတတ်ဘူး၊ ဖေ့ဘွတ်တစ်ခုပဲ သုံးတက်တယ်ဆိုတဲ့ လူငယ်တွေကို ဖုန်းကနေ၊ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကနေ အသုံးချပြီး နည်းပညာတွေ သုံးတတ်အောင်၊ နိုင်ငံတကာမှာ အလုပ်လုပ်တဲ့အခါ လုပ်နိုင်အောင်ဆိုပြီးတော့ သင်ပေးတာပါ။ သေချာတွေးခေါ်တတ်အောင်လည်းပါတယ်၊ အခုအခါမှာ ဖေ့စ်ဘုတ်က မြန်မာလူငယ်တွေ သုံးနိုင်တဲ့ကွန်ရက်ပါ။ ဒီ Network ကြီးကို ပိုကြီးအောင် လုပ်ဖို့ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ Skill တွေ တိုးတက်အောင်လုပ်ရပါမယ်၊ ဒီအတွက် သင်တန်းတွေကနေ ကမ္ဘာနဲ့ယှဉ်ပြိုင်၊ ရင်ပေါင်တန်းတွေးခေါ်နိုင်တဲ့သူတွေ ဖြစ်အောင်လုပ်သွားမယ်”ဟု MYEO Group တည်ထောင်သူ မထက်သီရိရွှေ က ပြောသည်။

 

received_44

 

အဆိုပါ Summit တွင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးချ ပြီးဖုန်းဖြင့် ကောင်းမွန်သောလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဘာသာရပ်ကို/ပြည်တွင်း/ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ် မှ တစ်ဆင့် ရှာဖွေလုပ်ကိုင်ဆောင်ရွက်နိုင်ရေး/ယနေ့ခေတ် Digital နည်းပညာများ အသုံးချ မှုများနှင့် ၂၁ ရာစု၏ အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်းကို Online တွင် နှစ်လကြာ ပို့ချပြီး ယခု စုပေါင်း Off Line အနေဖြင့် ဇွန်လ ၁ ရက်မှ ၃ ရက်ထိယူနက်စကိုမှ Digital ပညာရှင်များ နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက လူမှုအကျိုးပြုလုပ်ငန်းများ အတွက် ဖေ့စ်ဘုတ် (facebook) မှ fellow ship ဆုချီးမြုင့်ပေးအပ်ခြင်း ခံရသော Myanmar Youth Empowerment Opportunities(MYEO) မှ Digital နည်း ပညာ ကျွမ်းကျင်သူများက အခမဲ့ပို့ချပေးကြောင်း သိရသည်။

 

ထိုသင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၄) ခုရှိ တက္ကသိုလ်အသီးသီး ကျောင်းသားလူငယ်ခေါင်းဆောင်(၇၀) ကျော် တက်ရောက်ကြသည်။ MYEO အနေဖြင့် သင်တန်းသားများမှ မိမိတို့ဒေသတက္ကသိုလ်များတွင်လည်း ဆင့်ပွားအနေဖြင့် ကျောင်းသားလူငယ်များအား Digital နည်းပညာဘာသာရပ်များကို လေ့ကျင့်ပေးသွားနိုင်စေရန် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း/ မျိုးမင်းသိန်း(မရမ်းကုန်း) /ဓာတ်ပုံ/မျိုးကြီး     

 

received_440