ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ်စု၊ကြောင်းဒူးကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသာ၊ မြေသားရေကန်တူးဖော်ပြီးစီးမှုအခြေအနေများကို၊ ဩဂုတ် ၂၃ ရက် နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၉.၉)သန်းဖြင့်၊ ကြောင်ဒူးကျေးရွာ မြေသား ရေကန် တူးဖော်ခြင်းလုပ်ငန်း (အလျား ၁၀၀ ပေ× အနံ ၁၂၅ ပေ× အနက် ၆ ပေ) လုပ်ငန်းပြီးစီးမှုအခြေအနေများကို မြို့နယ် ဦးစီးမှူးနှင့် အင်ဂျင်နီယာအဖွဲ့ များ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ လုပ်ငန်းလိုအပ်ချက်များနှင့် သတ်မှတ်အချိန်အတွင်းပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြသည်။
အဆိုပါ မြေသားရေကန်တူးဖော်မှုလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံး၏(၉၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစရာ၊ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကြောင်ဒူးကျေးရွာရှိ အိမ်ခြေ(၁၂၁)အိမ်မှ လူဦးရေ၁၁၂၂)ဦးတို့အတွက်၊ နွေရာသီရေရှားပါးမှုဘေးမှ ကင်းလွတ်၍ ရာသီ/ အချိန် အခါ မရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ကြ မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကပြောပါသည်။
နေအောင်(ပြန်/ဆက်)


