ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်သည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မော်ဇော် ဦးဆောင်သော အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင်မိုးအောင်နှင့် တာဝန်ရှိသူများ၊ MITS မှ တာဝန်ရှိသူများနှင့်အတူ မတ် ၁၄ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ်နေသည့် စားသုံးဆီတင်သင်္ဘောများမှ စားသုံးဆီများ ဆီသိုလှောင်ကန်များသို့ ထည့်သွင်းမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ယနေ့တွင် ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဆိုက်ကပ်နေသည့် စားသုံးဆီတင် သင်္ဘောများမှ စားသုံးဆီများအား ထည့်သွင်း သိုလှောင်မည့် သတ်မှတ်ဆီကန်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လက်ရှိစားသုံးဆီ လက်ကျန်များ ထုတ်ပေးနေမှုများ အလေးချိန်မှန်ကန်မှု စနစ်တကျရှိစေရေး၊ ထပ်မံရောက်ရှိလာမည့် စားသုံးဆီတင် သင်္ဘောများမှ စားသုံးဆီများကို ကြိုတင်ပြင်ဆင် သန့်ရှင်းထားသော ဆီသိုလှောင်ကန်များအတွင်းသို့ စနစ်တကျ ထည့်သွင်းထားရှိနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး


