ကန့်ဘလူ၊ ၁၂ ဒီဇင်ဘာ
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်မြေမီးသတ်စခန်းများကို ဖွင့်လှစ်ခွင့်ပြုထားလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၅၂၈ သန်းဖြင့် ကန့်ဘလူမြို့နယ်တွင် နယ်မြေမီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) များ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်မီးသတ်စခန်းနှင့် ဝေးကွာသော နယ်မြေများတွင် မီးဘေးအန္တရာယ် ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးအတွက် နယ်မြေအလိုက် မီးသတ်စခန်းများကို တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ နယ်မြေမီးသတ်စခန်းများမှာ ဇီးကုန်းနယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅) ပေ၊ ချပ်သင်းနယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅) ပေ၊ ကာဘိုးနယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅) ပေ၊ ကိုးထောင်ဘို့ နယ်မြေမီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅) ပေတို့ကို ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


