ရေဦး ၁၀သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းသည် သြဂုတ် ၉ ရက် ညနေ ၄ နာရီက ရေဦးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးနှင့် အရည်အသွေးစစ်ဆေးအဖွဲ့သည် ဆပ်သေ - တူမောင်း - ဝသဲ ကျေးရွာချင်းဆက် လမ်းခင်းကျင်းနေရာသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတွင် Best Synengy ကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသော အာစီလေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာအသစ် ထပ်မံဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာနှင့်အဖွဲ့အား တွေ့ဆုံ၍ အရည်အသွေးပြည့်မီသော ပစ္စည်းများအသုံးပြုပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်သွားရန်နှင့် လုံ့လဝရိယထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
သန်းထိုက် (ရေဦး)


