နေပြည်တော် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အ.ထ.က (ပေါင်းတည်) သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း စက်ဘီးရပ်နားရန်နေရာ၊ အ.ထ.က (မင်းကွက်) နှင့် အ.ထ.က (မြို့မ) ကျောင်းတို့အတွက် ကလေးကစားကွင်းများ တည်ဆောက်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နတ်တလင်းမြို့၊ ရွှေလင်းခန်းမသို့ ရောက်ရှိပြီး ခန်းမဘက်စုံ ပြန်လည်ပြုပြင်နိုင်ရန်နှင့် နတ်တလင်းမြို့မစျေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စျေးတွင်းပတ်လမ်း ကွန်ကရစ်ခင်းနိုင်ရေး၊ ကြခတ်ဝါးရုံကျေးရွာ၌ နွေစပါး စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်အသုံးပြု၍ စမ်းသပ်ဆောင်ရွက်နေမှု၊ ရှမ်းတော - မင်းလှ - အင်းဘုတ်ကုန်း -မိုးညိုလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းနေမှု၊ မိုးညိုမြို့၊ ပြည်သူ့ဆေးရုံဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော တစ်ရက်လျှင် လီတာ ၄၀ အိုး (၁၅၀) ထွက်ရှိသည့် Oxygen Plant လည်ပတ်ထုတ်လုပ်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိန်တောကျေးလက်စျေး အဆင့်မြှင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ထိန်တောတိုက်နယ်ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ၊ ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်း − ခမုံ - ထိန်တော -မိုးညိုလမ်းပိုင်းရှိ တည်ဆောက်နေသည့် တော်လသတံတား တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


