တိုင်းဒေသကြီး(၃)ခု နှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၂  ဧပြီ

 

သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ရှာဖွေဖမ်းဆီး လျက်ရှိရာ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁၇ ရက် မှ ၂၁ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရှမ်းကိုင်း၊ ညောင်ခါးရှည်ကျေးရွာလမ်းထိပ်မှ FORLAND (၆)ဘီး (အဖြူရောင်)ယာဉ်ပေါ်မှ တောင်သရက်ခွဲသား ၁ ဒသမ ၃၆၈၆ တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း နန်းတောင်ချောင်းဖျား ဓနိတောစပ် နေရာမှ ကတွတ်ခွဲသား ၆ ဒသမ ၉၃၅၆ တန်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ လယ်မချောင်းလက်တက်နေရာ မှ ကျွန်း၊ ပျဉ်းကတိုး၊ သစ်လုံး/ ခွဲသား/ဓါးရွေ/တိုင် ၁၀ ဒသမ ၂၂၈၆ တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် နောင်ချို-ကံကြီး-ရပ်စောက်ကားလမ်း၊ မကျီးရေးကျေးရွာ တောင်ဘက်တောစပ်နေရာမှ ကျွန်းသစ်လုံး (၉၀) ခန့်နှင့် ၂၂ ဘီးယာဉ် ၏ နောက်တွဲ(၂)စီး တို့အား ဖမ်းဆီးရမိခဲ့ရာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

 

mdn

 

မောင်လူမော်