ထားဝယ် ၁ ဖေဖော်ဝါရီ
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျင်းပမည့် တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်မောင်အေး က တက်ရောက်လာသော ဆပ်ကော်မတီဝင်များအနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင်ကျင်းပမည့် တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ထပ်မံဖြည်းဆည်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားပြီး ဦးစီးကော်မတီတွဲဘက်အတွင်းရေးမှူး ဒုရဲမှူးစံသောင်းက ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီဝင်များက ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေး၊ သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေး၊ လုံခြုံရေး၊ ဧည့်ခံကျွေးမွေးရေး အကြောင်းအရာများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး က သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ဖေဖော်ဝါရီ ၅ ရက်တွင်ပြန်လည်တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ်(၃၃)မူးယစ်တပ်ဖွဲ့စု၊ ဒုရဲမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN