မုံရွာ ၇ ဇန်နဝါရီ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ပညာရေး စုံညီပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၇ ရက်၊ ယနေ့နံနက် ၉ နာရီက မုံရွာမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ မုခ်ဦးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

20190107

 

ရှေးဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူလေးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

20190107_10193

 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လပြည့်ဝန်း သုံးထပ်ကျောင်းဆောင်တွင် ခင်းကျင်းပြသထားသော ပညာရေးစုံညီပွဲတော် ပြခန်း(၁၀)ခန်းအား လှည့်လည်ကြည့်ရှုကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား၊ အေရိုးဗစ်၊ ကဗျာလွတ်စသည့် အကများအပြင်  တိုင်းရင်းသားရိုးရာအက၊ မြန်မာရိုးရာ သိုင်းအက၊ ကာယလှုပ်ရှား စွမ်းအင်ပြသနေခြင်းကို  တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

 

20190107_102706-

 

ဆက်လက်ပြီး စုံညီပွဲတော်ကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ  မိုးဦးပန်း ကိုယ်ပိုင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "နှလုံးသားထဲက ပုဂံ"သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

 

20190107_103733-

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နိုင်ငံတော်သည် ပညာအရာတွင် ထူးချွန်ထက်မြက်ပြီး အတွေးအခေါ်ခံယူချက် မြင့်မားသော လူငယ်များကို ပြုစုပျိုးထောင်နေသည့် အချိန်တွင် ယခုလိုကျောင်းသား၊ ကျောင်းသူများအား တစ်စုတစ်စည်းတည်း စုံစုံ ညီညီနှင့် စုံညီပွဲတော်တွင် ပါဝင်ဆင်နွှဲနေမှုကို မြင်တွေ့ရသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ မိဘ၊ ဆရာနှင့် ကျောင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ပညာရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြသည်မှာ စုံညီပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေမှုဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ကြောင်းနှင့် ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို အစဉ်မပြတ် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိသားသမီးများ ပညာရေးအတွက် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမ များနှင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ လူမှုရေးစိတ်ဓာတ်များ ပြည့်ဝလာရေးအတွက် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် ကျောင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မိဘများအနေဖြင့် တိုက်တွန်းအားပေး ရုံသာမကဘဲ မိမိတို့ ကိုယ်တိုင်က မိဘဆရာအသင်း ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်း ဆောင်ရွက် ပေးသွားကြရန် ပြောကြားသွားသည်။

 

20190107_104330-p

 

ထို့နောက် တိုင်းဒေသကြီးအဆင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်ပေးခဲ့သည်။

 

20190107_105103-

 

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၏ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ ဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည်သည့်တော်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသာ/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

20190107_10