ဖောင်းပြင် ဒီဇင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပင်သာ - နောင်ဖလန် - ကောက်စားလမ်းမပေါ်၌ ကန်ကရစ်တံတား အရှည်ပေ ၅၀၊ အကျယ်ပေ ၂၀ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၁၃ ဒသမ ၂၄၄ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာက ဇန်နဝါရီ ၂၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 

အဆိုပါ တံတားဆောင်ရွက်ပြီးစီးနေမှုအား မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများ၊ ဖောင်းပြင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်နီထွန်းတို့က ဒီဇင်ဘာ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့ကြသည်။

 

တံတားတည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် လယ်ယာထွက်သီးနှံများ သယ်ဆောင်ရာတွင်လည်းကောင်း၊ ကုန်စည်များတင်ပို့ရာတွင်လည်းကောင်း အဆင်ပြေမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသော ကိစ္စရပ်များအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)