အုတ်တွင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် နေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ပွဲကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဆန်းဦးက နေကြာမျိုးစေ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ နေကြာသီးညှပ် စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၂၉ အုပ်စုရှိ တောင်သူ ၂၅၂ ဦးအား စိုက်ပျိုးမည့်ဧက ၆၀၀ အတွက် ဆင်းရွှေကြာ-၂ မျိုးစေ့ ၁၂၀၀ ပြည်အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တောင်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)