ကျောက်ကြီး၊ အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်စီဂျင်ထုတ်စက် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၁၄ ရက် နံနက် ၈ နာရီက ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Oxygen Plant စက်အသစ်မှာ Jiangsu Minnuo Group ကုမ္ပဏီထုတ်လုပ်သည့် တရုတ်နိုင်ငံထုတ် Oxygen Generator Nm3၊ တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၁၅၀)ထွက်ရှိမည်ဖြစ်ကာ Oxygen Plant စက်အသစ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ လစ်လပ်လျက်ရှိသော မြေကွက်လပ်တွင် အလျားပေ(၄၀) ၊ အနံပေ(၃၀)၊ အမြင့် (၁၂)ပေ ရှိ အဆောက်အဦ အတွင်းထားရှိ တပ်ဆင်လည်ပတ်သွားမည်ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါ အောက်စီဂျင်စက်အပြင် 200KV ထရန်စဖော်မာ တစ်လုံးပါပေးအပ်တပ်ဆင်ခဲ့ပြီး မကြာခင် အောက်စီဂျင်လိုအပ်နေသည့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်