ပဲခူး ဇွန် ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇွန် ၄ ရက် နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းအပ်နှံမှု၊ ကျောင်း တက်ရောက်မှု အခြေအနေနှင့် ပတ်သက်၍ ခရိုင်/တိုင်းဒေသကြီး ပညာရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ သည်။ (အပေါ်ပုံ)
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းက အနာဂတ် နိုင်ငံတော်အား ယနေ့လူငယ် များမှ ပခုံးပြောင်းတာဝန်ယူကြရ မည်ဖြစ်၍ ပညာရေးနှင့် စာတတ် မြောက်ရေးသည် နိုင်ငံတော် အတွက် အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ ကျောင်းနေ အရွယ်ကလေး အားလုံး အနည်း ဆုံးမဖြစ်မနေ(KG+9)အထိ အခမဲ့ ပညာသင်ကြားနိုင်ရေး ဘက်ပေါင်းစုံ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့် ကျောင်းအပ်နှံ ရေးနှင့် ဇူလိုင်လကုန်အထိ ကျောင်းအပ် လက်ခံပေးသွားမည်ကို အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ အသက်မွေး ပညာရပ်များ ဖွင့်လှစ်သင်ကြား ပေးနေသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းများတွင်လည်း သင် ထောက်ကူ ပစ္စည်းများ ပြည်စုံစေ ရေး လိုအပ်သည်များ ဖြည့်ဆည်း ပေးသွားရမည်ဖြစ်သကဲ့သို့ ခရိုင်/မြို့နယ် ပညာရေးမှူးများအနေဖြင့် ကျေးရွာအဆင့် စာသင်ကျောင်းများအထိ ကွင်းဆင်း၍ စစ်ဆေး ခြင်းများ ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး က မြို့နယ်အလိုက် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကျောင်းအပ်နှံနိုင်မှုနှင့် ကျောင်း တက်ရောက်နိုင်မှုအခြေအနေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီး (အနောက်) ပညာရေးမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က နှစ်အလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုနှင့် တန်း စဉ်ကူးပြောင်းမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တင်ပြချက်များနှင့်ပတ်သက်၍ သုံးသပ်အကြံပြုတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် ရာခိုင် နှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ ကျောင်း သား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ ကို ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)