နေပြည်တော် ၂၉ ဧပြီ 

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး လေးခု၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

d

 


သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ (ကပစ-၁၉)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တော၌ တရားမဝင် ကျွန်းသစ်ခွဲသား (၁၀၉)လုံး/ချောင်း (၁၁ ဒသမ ၇၆၆၆)တန်၊ မော်တော်ယာဉ်အမှတ် (1Q/2098) FORLAND ယာဉ်(၁)စီး၊ ပြစ်မှုကျူးလွန်သူ (၃)ဦးနှင့် ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၂)၌ တရားမဝင်သစ်၊ ကျွန်း၊ ဖရုံစိပ်(၁၅၃)စိပ် (၂၆ ဒသမ ၃၀၂)တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

 


အလားတူ ပူးပေါင်းအဖွဲ့၏ တရားမဝင်သစ်များ ဖော်ထုတ်စစ်ဆေးမှုအရ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မြောက်) ဘိနယ်ကွင်း (၃၀)ကျေးရွာအနီး၌ တရားမဝင်သစ်၊ခွဲသား (၉၀)လုံး၊ (၁၉ ဒသမ ၃၉၇၀) တန်၊ ကျောက်ဆည် မြို့နယ်၊ ကြိုးပြင်တော၌ တရားမဝင်ကျွန်းသစ်၊ ခွဲသား(၂၁၆)လုံး (၆၇ ဒသမ ၉၅၂၈)တန်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

e

 


ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း အကွက် (၄၅၊ ၄၆၊ ၄၉၊ ၅၀၊ ၅၁၊ ၅၇)၌ တရားမဝင်ကျွန်းသစ်လုံး၊ ခွဲသား(၁၆၆၇)လုံး (၁၂၅ ဒသမ ဝ၆၇၄)တန်၊ သစ်စက်(၅)လုံး၊ မီးစက်(၁)လုံးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ဖိုးခေါင်ကွင်းကျေးရွာ အင်တိုင်းကုန်း၌ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၆)ချောင်း (၃ ဒသမ ၇၇၉၈)တန်နှင့် ဆက်စပ်ပစ္စည်းတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 


ကိုမျိုး