မြစ်ကြီးနား  ဇွန်   ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းနှင့် ကြက်တောင်သက်တမ်းလိုက်ပြိုင်ပွဲ  GODS Master Challenge ပြိုင်ပွဲတွင် ဆုရအားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ဘော်လီဘောအသင်းအတွက် ငွေကျပ် ၃၅ သိန်းနှင့် ပွဲစဉ်တစ်လျှောက် ပိတ်ဆို့မှုအကောင်းဆုံးနှင့် အသက်အငယ်ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ်အားကစားသမားဆုရ မယန်ရှီလာမီးအတွက် ငွေကျပ် ငါးသိန်းကိုလည်းကောင်း၊  ကြက်တောင် ပြိုင်ပွဲတွင် သက်တမ်းအလိုက် ဆုတံဆိပ်ရ အမျိုးသမီးအားကစားသမား နှစ်ဦးအတွက်  ငွေကျပ် သိန်း  ၂၀  နှင့်   ကြေးတံဆိပ်ဆုရ   အမျိုးသားကြက်တောင်အားကစားသမားအတွက် ငွေကျပ်ငါးသိန်းကို လည်းကောင်း၊  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၂၆ သိန်းကိုလည်းကောင်း၊ အလှူရှင်များက ဂုဏ်ပြုငွေများကိုလည်းကောင်း   ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။              

ပြည်နယ်(ပြန်/ဆက်)