နေပြည်တော် ဇူလိုင် ၅
၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်မှုကို ဇူလိုင် ၇ ရက် နံနက် ၇ နာရီတွင်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်မှုကို မွန်းလွဲ ၃ နာရီတွင်လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Channel ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်