ရန်ကုန် ၁၃ နိုဝင်ဘာ

 

တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် နာရီက ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပရာ အားကစားသမား ၇၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

ပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အမှုဆောင်များက ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအသင်းလိုက်၊ တစ်ဦးချင်း၊ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပသည်။ ယင်းပြိုင်ပွဲတွင် အမျိုးသား ၁၃ သင်း၊ အမျိုးသမီး သင်းပါဝင်ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး