နေပြည်တော်  ၂၉  ဇန်နဝါရီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သိရသည်။

ယနေ့ပွဲစဉ်များအဖြစ်  နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့သည်။

 

‌ေ

 

ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား(ဘောလုံး) ပြိုင်ပွဲများအဖြစ် ဇန်နဝါရီ ၃၀ ရက် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့က ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)နှင့် (၃)တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲများသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

MDN
Source: လူထုအားကစားနှင့်ပညာပေးဌာနခွဲ