တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ပတ်အတွင်း တရားမဝင်ကျွန်းသစ် ၂၉၈ ဒသမ ၅၈၅၆ တန်နှင့် သစ်ခိုးထုတ်သူ ၄၂ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 


မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက် (တစ်ပတ်)အတွင်း ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် တရားမဝင်ကျွန်းသစ် ၂၉၈ ဒသမ ၅၈၅၆ တန်နှင့် တရားမဝင် သစ်ခိုးထုတ်သူ ၄၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

 


ထို့ပြင် သစ်တောထွက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ကျွန်းတံခါး၊ တံခါးဆံ အစိတ်အပိုင်းများ (သုည ဒသမ ၈၈၉၆) တန်၊ လုံးပတ်သုံးပေအောက် သစ် (၃ ဒသမ ဝ၈၆)တန်၊ ကျွန်းယောင်ခြမ်း (၄၂) ခြမ်း၊ (၂ ဒသမ ၆၀၆၀)တန်၊ ထင်းခွဲခြမ်း (၉ ဒသမ ၈၂၀၈) တန်၊ မီးသွေး (၈ ဒသမ ၈) တန်၊ ကျွန်းလှေ (၁)စီး၊ လမ်းခင်းကျောက်ကြီး (၆ ဒသမ ၅) ကျင်း၊ သစ်စက်အင်ဂျင် (၅)လုံး၊ လွှဝိုင်း(၅)ဝိုင်း၊ ယာဉ်(၂၉)စီးနှင့် အခြားဆက်စပ်ပစ္စည်းတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 


ကိုမျိုး