နေပြည်တော် အောက်တိုဘာ ၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှဆရာဝန်များ၊ သူနာပြုများ။ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက်(၅၅) နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီ နေရပ်စွန့်ခွာစခန်းများရှိ ပြည်သူများ စသည့် ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိ သည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌ ၁၄၆၀၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နှင့် မိုင်းတုံမြို့တို့၌ ၉၈၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၂ မြို့နယ် တို့၌ ၄၀၀၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ၁၄၁၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ် တို့၌ ၆၀၅၁ ဦး၊စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီ ၁၀၇၇ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ၈၄၅၃ ဦးနှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင် အတွင်း၌ ၃၈၂၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်