နေပြည်တော်    ဒီဇင်ဘာ  ၁၉

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၁၉ ဦးနှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင် ခုနစ်ခရိုင်တို့၌  ဒေသခံပြည်သူ  ၁၉၂၆ ဦးတို့ကို   တပ်မတော်မှ   ဆေးအဖွဲ့များက    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သက်ဆိုင်ရာ     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံပေးသည်။ ထို့အတူ  ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ    ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိသည်။

 

ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆  မြို့နယ်တို့၌ ကျောင်းသား  ကျောင်းသူ    ၃၂၃    ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။              

သတင်းစဉ်