နေပြည်တော် ၁၆ ဧပြီ 

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်း ကျေးရွာ၌ ဧပြီ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။


    
အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာအပါအဝင် ရွာ ၆ ရွာ၌ ဧပြီ ၁၅ ရက် နံနက် ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ နေအိမ် ၉ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။


    
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာအပါအဝင် ရွာ ၄ ရွာ၌လည်း ဧပြီ ၁၅ ရက် ည ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃၄ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)