နေပြည်တော် ၂၅ စက်တင်ဘာ


ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင် စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွတ်လပ်ရေးကျောက်တိုင်ကွင်း၏ မြောက်ဘက်ခြမ်း အလျား ၃၀ ပေ၊ အနံ ၂၀ ပေခန့် ကျောက်စီမြေထိန်းနံရံ ပြိုကျဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာပါ ရပ်ကွက်/ကျေးရွာ ၄ ရွာ၌ စက်တင်ဘာ ၂၄ ရက် နံနက် ၅ နာရီခွဲမှ ၃ နာရီထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချောင်းမကိုင်း ချောင်းရေတိုက်စားမှုကြောင့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်းတို့ရှိ အုတ်တံတိုင်း ၄ ခု ပြိုကျ၊ ပိုက်ဆံအိတ် ၁ အိတ်၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း ရေစီးဖြင့် မျောပါပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


ထို့အတူ နံနက် ၈ နာရီခွဲတွင် မိုးကြိုးပစ်မှုကြောင့် မကွေးခရိုင်၊ ချောက်မြို့နယ်၊ (၁)ရပ်ကွက်၌ ဉာဏ်တော် ၄၂ ပေခန့် ရှေးဟောင်းသမိုင်းဝင် ရွှေပုံတော်စေတီ၏ အင်္ဂါထောင့်နှင့် သောကြာထောင့်တို့မှ ရင်ပြင်တော်/အောက်ခြေခုံ၊ ငွေပန်းအိုး ၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက် ၉ နာရီခွဲတွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျပိမိမှုကြောင့် မင်းဘူးမြို့၊ (၃)ရပ်ကွက်၌ နေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရွာမရပ်ကွက်၌ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အိမ်သာ ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။


ရဲပြန်ကြား