နေပြည်တော် ၃၀ အောက်တိုဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၁၉)၏ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်းတို့သည် အောက်တိုဘာ (၃၁)ရက်၊ ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်း (၁) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား MRTV နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃)နာ၇ီ (၄၅)မိနစ်အချိန်မှ စတင်ပြီး တိုက်ရိုက်ထုတ်လွွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)