တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ပြည်သူလူထု နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လာရောက်ကြည့်ရှု

တောင်ကြီး   ၂၇  မေ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျင်းပလျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ပြည်သူလူထုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လာရောက်ကြည့်ရှုအားပေး၍ စည်းကားလျက်ရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ ယနေ့အထိ ပွဲစဉ်ဇယားအတိုင်း ကျင်းပယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောအသင်း (၁၅)သင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောအသင်း(၁၃)သင်းတို့ပွဲ စဉ်ဇယားအတိုင်းယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။

 

111 .j

 

ပွဲစဉ်(၃၆)ပြီးဆုံးပါက အုပ်စု (ပထမ-ဒုတိယ) အသင်းများ ပြိုင်ပွဲရုံတွင် မဲနှိုက်မည်ဖြစ်ပြီး အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ကွာတားအဆင့်ကို မေ ၂၉  ရက်နေ့တွင် ကယားအမျိုးသား ဘော်လီဘောအသင်းနှင့် ပဲခူးအမျိုးသား ဘော်လီဘောအသင်း၊ နေပြည်တော် အမျိုးသားဘော်လီဘောအသင်းနှင့် ရှမ်းပြည်နယ် အမျိုးသား ဘော်လီဘောအသင်း၊ ရန်ကုန်အမျိုးသား ဘော်လီဘောအသင်းနှင့် စစ်ကိုင်းအမျိုးသား ဘော်လီဘောအသင်း၊ မန္တလေးအမျိုးသား ဘော်လီဘောအသင်းနှင့် မကွေးအမျိုးသားဘော်လီဘောအသင်း၊ ရန်ကုန်အမျိုးသမီး ဘော်လီဘောအသင်းနှင့် စစ်ကိုင်းအမျိုးသမီး ဘော်လီဘောအသင်း၊ ကရင်ပြည်နယ် အမျိုးသမီး ဘော်လီဘောအသင်းနှင့် တနသာၤရီ အမျိုးသမီး ဘော်လီဘောအသင်း၊ ရှမ်းပြည်နယ် အမျိုးသမီး ဘော်လီဘောအသင်းနှင့် ကယားပြည်နယ် အမျိုးသမီး ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

 

222 6.