တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး (၄)ယောက်တွဲ ရန်ကုန်တိုင်းဒေသကြီးမှ ပထမ၊ အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ပထမရရှိ

နေပြည်တော်  ၃၀  ဇွန် 

 

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော် ခြင်းပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ၌ ကျင်းပရာ အမျိုးသမီး(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲ အဖြစ် မွန်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းအား (၂ : ၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းအား (၂ : ၁)ဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲ သွားသည်။

 

ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲအဖွဲ့လိုက် တတိယလုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းအား (၂: ၁)ဖြင့်လည်းကောင်း၊  ဗိုလ်လုပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား (၂ : ၁)ဖြင့်လည်းကောင်း အနိုင်ရ ဗိုလ်စွဲသွားသည်။

 

2.05

 

ထို့နောက် အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိသည်။

 

အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၂၅ ရက်မှ ဇူလိုင် ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစား ရုံ(A)တွင် နေ့စဉ်နံနက် ၉ နာရီမှစ၍ အမျိုးသား /အမျိုးသမီး (၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများ၊ အမျိုးသား(၃) ယောက်တွဲအသင်း လိုက်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)

 

5.026