ရန်ကုန် ၁၈   သြဂုတ် 


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးနှင့် တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့က (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် ကြန့်ကြာမှုခင်းများ အမြန်ပြီးပြတ်ရေးနှင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပသည်။ 


(သတင်းစဉ်)

 

DSC_75