နေပြည်တော် ၁၁ အောက်တိုဘာ
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ထီးတရဲရပ်ကွက်ရှိ စေတီတော် ၁ ဆူ အထက်ပစ္စယံ ၁ ပေခန့်ပေါက်ပြဲ၊ အရံစေတီ၏ ငှက်မြတ်နားတော်နှင့် ထီးတော် ပြုတ်ကျပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သစ်ပင်လဲကျပိမိမှုကြောင့် ကန်ချောင်ကျေးရွာ၌ နေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့သည်။
အလားတူ ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၌ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၃)ရပ်ကွက်ပါ ရပ်ကွက် ၂ ခုတို့၌ စာသင်ကျောင်းအုတ်တံတိုင်း ၁ ခု၊ နေအိမ် အုတ်တံတိုင်း ၁ ခုပြိုကျ၊ နေအိမ် ၁ လုံး၊ ကားဂိုဒေါင် ၁ လုံး အမိုးလန်/ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


