တိုင်းဒေသကြီးသုံးခု နှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ ဧပြီ

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ တရားမဝင်သစ်ဖော်ထုတ်ရှာဖွေဖမ်းဆီးရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း ဖန်ခါးတံတားအနီးရှိ မော်တော်ယာဉ် (၂)စီးပေါ်မှ ပိတောက်/ အင်ကြင်ခွဲသား (၂၀၇)ချောင်း (၁၁ ဒသမ ၃၈၀၂)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းမှ ကျွန်း/ ပျဉ်းကတိုး/ အခြားသစ်လုံး/ ခွဲသား (၂၄)လုံး/ချောင်း (၇ ဒသမ ၈၇၂၀)တန် ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-ဉသျှစ်ကုန်းလမ်း၊ မြို့အဝင်၌ FOTON (အပြာရောင်) ယာဉ်ပေါ်မှ ပိတောက်ခွဲသား (၃၄)ချောင်း (၄ ဒသမ ၁၅၄၆)တန်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းမှ ပိတောက်/ ယင်းတိုက်သစ်/ ဓါးရွေ(၁၂၀)လုံး/ ချောင်း  (၈ ဒသမ ၂၂၀၈)တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

ee