တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတို့အတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ မေ 

 


သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဆပ်သွားအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက်မှ ၁၉ ရက်အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် ဖန်းခါးကုန်းအဝင် စစ်ဆေးရေးဂိတ်အနီးနေရာရှိ NOAH (ခဲရောင်) မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ဝ ဒသမ ၆၉၉၂ တန်၊ ယာဉ်တစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် မြို့အဝင် လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီးရှိ MITSUBISHI CANTER မော်တော်ယာဉ်ပေါ်မှ သစ်မာ၊ အခြားသစ်၊ တိုင်/ခွဲသား ၃ ဒသမ ၂၀၅၈ တန်၊ ထွန်တံ(၁၆)ချောင်း၊ ယာဉ်တစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

gd

 


ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ကျောက်တောင် ကြိုးဝိုင်းအတွင်းမှ ကညင်သစ် ၄၃ ဒသမ ၈၅၆၀ တန်၊ မုံရွာ/ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် တန်ပိုဂိတ်အနီးရှိ VOXY (အဖြူရောင်) မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ၃၈၆၂ တန်၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် လှည်းပြင်တင်ရွာမြောက်ဘက် ချောင်းအနီးနေရာရှိ မော်တော်ဆိုင်ကယ် (၄)စီးပေါ်မှ ကျွန်းသစ် ဝ ဒသမ ၆၂၀ တန်နှင့် ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ် သပြာဆိပ်ချောင်းနှင့် ဆားချက်ကလေးချောင်းအတွင်း စက်လှေ(၂)စီးပေါ်မှ တောင် သရက်ခွဲသား ၅၁ တန်ခန့်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမောင်

 

fdw