မကွေး      ၃၀   အောက်တိုဘာ   

 

ရှေ့နေငှာရမ်းရန် အခက်အခဲဖြစ်နေသူများ၊ ဆင်းရဲနွမ်းပါးသူများ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများအတွက် အခမဲ့ အကူအညီပေးနိုင်မည့် တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့ရုံး ဖွင့်လှစ်ပွဲကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီက မကွေးမြို့နယ်စုပေါင်းရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊တိုင်းဒေသကြီး တရာလွှတ်တော် တရား သူကြီးချုပ် ဦးစိန်ထွန်းနှင့်ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စု လွှတ်တော်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၁၈)ရက်တွင် လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းဥပဒေ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့သည်ကို တွေရှိရကြောင်း၊ တဆက် တည်းတွင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်နိုဝင်ဘာလ(၁၅)ရက် နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး၊ပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ခရိုင်နှင့်မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ကို ဆက်လက်ဖွဲ့စည်းလျက် ရှိသည်ကို သိရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် တိုင်းအဆင့် ဥပေဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ကို ဖွဲ့စည်းထာရှိပြီး မြို့နယ်(၂၅)မြို့နယ်၏ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ များကို ဖွဲ့စည်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေမှာ ရည်ရွယ် ချက်(၇)ချက်၊အခြေခံမူ(၉)ချက် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပြီး အဓိကမှာ အချုပ်အခြာအာဏာ ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိစေရန်၊ဥပဒေ၏ အကာအကွယ် ရရှိစေရန်၊အမှန်တရာနှင့်လက်လှမ်းမီစေရန်၊ဥပဒေအရာမှာ သာတူညီမျှတစေရန်၊ နိုင်ငံ တော်က ဖော်ဆောင်နေသည့် တရားဥပဒေစိုးမိုးရေး၊ Rule of Low အတွက် ဖြစ်သည်ကို နားလည် သိရှိစေရန်၊နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေး စင်တာသည် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ကြရန်ဖြစ်ပြီး ဘက်မလိုက် သည့် လွတ်လပ်သော တရာမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ကြရန် တိုင်းဒေသကြီး/ပြည်နယ်များကို မကြာခဏ မှာကြားသည်ကို အလေးအနက်ထား သတိပြုကြရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်ညိုညိုလှိုင်က ကတိပြုစကားပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ဒု-ဥက္ကဌနှင့်   လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေ ချုပ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)