ဟင်္သာတ ၂၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာအုပ်စုတွင် စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ကွင်းအမှတ် (၁၂၉၁/၁၂၈၈)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြည့်ရှုခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စက်မူလယ်ယာ ဦးစီးဌာနမှူး ဦးအောင်မွန်က လက်ရှိဖော်ထုတ်ဆောင်ရွက်နေမူများနှင့် လုပ်ငန်းပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်လုပ်ကိုင်ခြင်းကြောင့် တောင်သူများ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် တောင်သူများဘက်ကလည်း ဆက်လက်ဆောင်ရွက်လုပ်ကိုင်ရမည့် စိုက်ပျိုးမှုစနစ်များနှင့် ထိမ်းသိမ်းစောင့်ရှောက်ရမည့် အချက်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မြို့နယ်အဆင့် စက်မူလယ်ယာဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ စုစုပေါင်း(၁၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သတင်းပေးပို့ -ကိုဇော်(ဟင်္သာတ)
ဓာတ်ပုံ-ကျော်ကျော်(ပြန်/ဆက်)


