mdn

နတ်မောက် ၁၉ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး အလုပ်သမားရေးဝန်ကြီး ဦးမြင့်ဆွေက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်က ဌာနဆိုင်ရာများ၏ အခက်အခဲများကို တင်ပြနိုင်ရန်နှင့် အကူအညီများ လိုအပ်ပါက ကူညီဆောင်ရွက် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်မှ လူဦးရေစာရင်းကောက်ယူမှု အခြေအနေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ကော်မရှင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဌာန၏ လုပ်ငန်းနှင့် နေ့စဉ်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မိမိတို့ကျေးရွာများ၏ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြြပီး မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ တွေ့ဆုံပွဲကို မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)