၁ စက်တင်ဘာ

 

 

တိုင်ဖွန်းမုန်တိုင်း မေဆတ်၏ အရှိန်ကြောင့် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းတွင် လေပြင်းများ တိုက်ခတ်လျက်ရှိသည်။

 

 

မြို့တော် နာဟယ်စီရင်စုတွင် အဆောက်အဉီ တစ်လုံး၏ နံရံများမှာ ပြိုကျ ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အနီးအနားရှိ ကားများ ပျက်စီးခဲ့သည်ဟု ဆိုသည်။

 

 

လေပြင်းများ တိုက်ခတ်မှုကြောင့် လူလေးဉီးမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အဆောက်အဉီများမှ ခေါင်မိုးများ ပြုတ်ထွက်ခဲ့သဖြင့် နာဟယ်မီးသတ်ဌာနသို့ ဒေသခံများက ဖုန်းဆက် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

 

 

အိုကီနာဝါရှိ အိမ်ခြေ ၃၀ဝ၀ဝ ခန့်မှာ ယနေ့ (စက်တင်ဘာ ၁ ရက်နေ့) နံနက် ၁၁ နာရီအချိန်ထိ လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိသည်ဟု ဆိုသည်။

 

 

လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀ ကျော်ကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

 

 

 ဘတ်စ်ကားများနှင့် ကူးတို့ဝန်ဆောင်မှုများကိုလည်း ရပ်နားထားခဲ့သည်ဟု ဆိုသည်။

 

 

တိုင်ဖွန်းမုန်တိုင်း မေဆတ်သည် ဂျပန်နိုင်ငံ၏ အဓိက ကျွန်းများမှ ထွက်ခွာသွားပြီဖြစ်သော်လည်း လေပြင်းများ တိုက်ခတ်နိုင်သဖြင့် သတိထားကြရန် မိုးလေဝသ တာဝန်ရှိသူများက တိုက်တွန်းထားလျက် ရှိသည်။

 

 

ကြာသပတေးနေ့တွင် တိုင်ဖွန်းမုန်တိုင်း မေဆတ်သည် အင်အားကောင်းလာပြီး မြောက်ဘက်တွင် ကျူရှုးကျွန်း ဒေသရှိ အနောက်ဘက်သို့ ဉီးတည်သွားမည်ဟု မျှော်လင့်ရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်