၂၅ နိုဝင်ဘာ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၉ ခုနှစ် ဩဂုတ် လ (၁) ရက်နေ့မှစပြီး နိုဝင်ဘာလ (၃၀) ရက်နေ့ထိ နေ့စဉ် နံနက် (၆) နာရီမှစပြီး ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး) ဘာသာ အစီအစဉ်များကို ည (၂၃) နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။
ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ မှစပြီး ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် (၆) နာရီမှ (၈) နာရီအထိ မွန်ဘာသာ အစီ အစဉ်၊ နံနက် (၈) နာရီမှ (၁၀) နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ မွန်းတည့် (၁၂) နာရီမှ မွန်းလွဲ (၁၄) နာရီအထိ ‘ဝ’ ဘာသာ အစီအစဉ်၊ မွန်းလွဲ (၁၄) နာရီမှ (၁၆) နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ ညနေ (၁၆) နာရီမှ ညနေ (၁၈) နာရီအထိ ကယားဘာသာ အစီအစဉ်၊ ညနေ (၁၈) နာရီမှ ည (၁၉) နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ည (၁၉) နာရီမှ (၂၀) နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ ည (၂၀) နာရီမှ (၂၁) နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည (၂၁) နာရီမှ (၂၂) နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ည (၂၂) နာရီမှ (၂၃) နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)