တိုင်းရင်းသားအားလုံးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်ပုံတွေကို အားလုံးကို ချပြခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာမိပါတယ်

နေပြည်တော် ၄ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များသည် နေပြည်တော်မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံတွင်  အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်လျက် ရှိကြသည်။ ယင်းတို့အနက်မှ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ မောင်အဂွန်းက

“ကျွန်တော်တို့ အဖွဲ့မှာ ၂၈ ဦး ပါဝင်ပါတယ်၊ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်းက နေပြည်တော် ရောက်ပါတယ်၊ တိုင်းရင်းသားအားလုံးကို တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်၊ နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စိတ်ဓာတ်ရှိမှသာ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်က ပြည့်စုံမယ်လို့ ခံယူပါတယ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဖျော်ဖြေသွား မှာ ဖြစ်ပါတယ်၊ တိုင်းရင်းသားအားလုံးရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ နေထိုင်ပုံတွေကို အားလုံးကို ချပြခွင့်ရတဲ့ အတွက် အလွန်ပဲဝမ်းသာမိပါတယ်”ဟု ပြောသည်။

MDN